- ပဲခူးတိုင်းက ဆရာတော်ကို စစ်ကောင်စီအဖွဲ့ဝင်များက ပစ်ခတ်ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေပါရှိသူ ဆရာတော်က ထုတ်ဖော်ပြောကြား ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင်မုနိန္ဒာဘိဝံသသည် စစ်ကောင်စီတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ကွယ်လွန်သွားရခြင်းဖြစ်ကြောင်း ဖြစ်စဉ်တွင် ကားထဲ၌ အတူပါရှိသည့် မျက်မြင်သက်သေဆရာတော်က ယနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ စစ်တပ်ကမူ အခင်းဖြစ်သည့် မြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆရာတော်များပါရှိသည့် ကားပစ်ခတ်ခံရခြင်းဖြစ်ကြောင်း လိမ်လည်ထုတ်ပြန်ထားသည်။ ဆရာတော်၏ ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် ပြောကြားချက်အပြည့်အစုံမှာ “ဝိုင်းပြီးတော့ ဖောကားပေါ်ကနေ ပစ်လိုက်တာ ခုနစ်ချက်၊ ရှစ်ချက်လောက်ရှိပါတယ်။
- ဝင်းနိမ္မိကာရုံဆရာတော်ကတော့ တစ်ဘဝတစ်ခန္ဓာရုပ်သိမ်းသွားပါတယ်ဘုရား။ တပည့်တော်ကတော့ ခေါင်းရယ်၊ ကားရဲ့မှန်စထိပါတယ်ဘုရား။ တပည့်တော် အပြင်ဘက်ရောက်တဲ့အခါ ခင်ဗျားတို့ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေ ဒီလောက်ရက်စက်ရသလားလို့ ဖောကားပေါ်မှာပါတဲ့၊ ရှင်းရှင်းပြောရရင် စစ်ဗိုလ်စစ်သားတွေ၊ ရက်စက်လှချည်လားဆိုတော့ အရှင်ဘုရားတို့က ဘုန်းကြီးမှန်းမသိလို့ပါတဲ့၊ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားထင်လို့ တပည့်တော်တို့ ပစ်ပါတယ်ဘုရားတဲ့၊ သူတို့ကိုယ်တိုင်ဝန်ခံပါတယ်။ အဲ့ဒီတော့ ဝင်းနိမ္မိကာရုံဆရာတော်က ကားထဲမှာ ဘုရားတပည့်တော်က အပြင်ဘက်မှာ။ ဆရာတော်တဲ့ ကားနားကို မကပ်ပါနဲ့၊ ဆရာတော်ဝေးဝေးနေပါတော့။ ကားဆရာက လက်ပဲထိမှန်တယ်။ လက်သုံးချောင်းလည်း ပြတ်သွားတယ်။ ဘုန်းကြီးကတော့ မှန်စလေးပဲမှန်တာပေါ့။ အရှင်ဘုရားတို့ ကားနားမကပ်ပါနဲ့တဲ့။ အရှင်ဘုရားတို့ ဘုန်ကြီးလည်းပြီးပါတော့။ ဘယ်မှလည်းဖုန်းမဆက်ပါနဲ့တဲ့။ အဲ့ဒီနေရာမှာ နှစ်နာရီလောက်ကြာပါတယ်။ ဘုရားတပည့်တော်တို့ ဆွမ်းလည်းမဘုန်းပေးရပါဘူး။ အဲ့ဒီလို နှစ်နာရီလောက်ကြာပြီးမှာ ဒကာတို့ ဒီအတိုင်းနေလို့တော့မဖြစ်ဘူး။ ပျံလွန်တော်မူတဲ့ပုဂ္ဂိုလ်က ပျံလွန်တော်မူသွားပြီ၊ ဘုန်းကြီးက အသက်ရှိသေးတယ်။ ဘုန်းကြီးက ကုရဦးမှာ။
- ရွာကို ပြန်ခွင့်ပြုပါဆိုတော့ တော်တော်နဲ့မပြုပါဘူး။ နောက်ကျမှ ရွာကြွပါဘုရား။ အရှင်ဘုရားရဲ့ဖုန်းတွေတော့ ထားခဲ့ပါဘူရား။ ဖြစ်တာက ၁၀ နာရီခွဲကျော်ကျော်က ဖြစ်ပါတယ်။ ၄ နာရီ၊ ၅ နာရီကျမှ သူတို့က ဒီဆရာတော်တွေဟာ သာမညဆရာတော်တွေမဟုတ်ဘူး။ ရွှေကျင်ဂိုဏ်းကြီးရဲ့ ဗဟိုအလုပ်အမှုဆောင်ဆရာတော်တွေဖြစ်တယ်ဆိုပြီးတော့ အဲ့ဒီကျမှ သူတို့က ပျာပျာသလဲနဲ့ ဘုန်းကြီးတို့ကားနား ကပ်လာပါတယ်။ အဲ့ကျမှ သူတို့လုပ်စရာရှိတာတွေလုပ်၊ တံတားဦးထိအောင် တပည့်တော်တို့ ကားနဲ့လိုက်ပို့ပါမယ်ဘုရား။ အရှင်ဘုရားကားကို။ ကိစ္စမရှိဘူး ဒကာကြီးတို့ ဘုန်းကြီးတို့ မန္တလေးမှာ အကုန်စီစဉ်ပြီးသား။
- မန္တလေးက ဗဟိုဌာနက ဆရာတော်တွေကလည်း အကုန်လုံး ပူနေပါတယ်။ မန္တလေးက ကုသိုလ်တော်ကားနဲ့ ဘုန်းကြီးတို့ စီစဉ်ပါတယ်။ အဲဒီလို ဘုန်းကြီးတို့မှာ ဒုက္ခအမျိုးမျိုးရောက်ရပါတယ်။ ဘုန်းကြီးတော့ ဒုက္ခကို ဒုက္ခမှန်းမသိဘူး။ ဘုန်းကြီးရဲ့ — အလွန်အင်မတန်မှ စာတော်တဲ့၊ သာသနာမှာ အင်မတန်မှ အားကိုးရတဲ့ ဝင်းနိမ္မကာရုံဆရာတော်အတွက် ဆုံးရှုံးရတဲ့ ဘုန်းကြီးဟာ (ယူကျုံးမရဖြစ်ရပါတယ်)”
ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီတပ် ပစ်သတ်ခြင်းဖြစ်ဟု မျက်မြင်ဆရာတော် မိန့်ကြား
ပဲခူးတိုင်းက ဆရာတော်ကို စစ်ကောင်စီအဖွဲ့ဝင်များက ပစ်ခတ်ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေပါရှိသူ ဆရာတော်က ထုတ်ဖော်ပြောကြား
ပဲခူးတိုင်း ဝင်းနိမ္မိတာရုံကျော